ဘားအံ နိုဝင်ဘာ ၁၄

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ မိုးစပါးအထွက်နှုန်းမှန်ကန်စေရေးအတွက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက တော်ပုံကျေးရွာအုပ်စု ကွင်းအမှတ် ၁၁၈၉(ခ)ထမ္မလောက်ကွင်း ဦးပိုင်အမှတ်(၆/၂) မြေကွက်အမှတ်၁၂၃၊ တောင်သူ ဦးအီလူ၏ ဧည့်မထအခြား ၂ ဒသမ ၀၂ ဧက မိုးစပါးစိုက်ခင်း၌ ပြုလုပ်သည်။

မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်း၊ ဘားအံခရိုင် မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများကတောင်သူများနှင့်အတူ ဦးအီလူ၏ ဧည့်မထနှင့်အခြားစပါးမျိုး သင့်စံကွက်တွင် ၆ ဒသမ ၆ ပေ ပတ်လည်တစ်ဧက၏ တစ်ထောင်ပုံ တစ်ပုံ(သုည ဒသမ ၀၀၁)ဧကထောင့်ဖြတ်သုံးကွက်ကို ရိတ်သိမ်းခဲ့ကြပြီး ရရှိလာသောစပါးများကို ပျမ်းမျှရယူ၍ ကိုယ်စားပြု စံကွက်တစ်ကွက်အဖြစ် သတ်မှတ်ရာ တစ်ဧကအထွက်နှုန်း ၅၆ ဒသမ ၆၇ တင်းရရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)