ဘားအံ    ၂၈  ဇန်နဝါရီ 

 

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ်မှ ဘုန်းကြီးကျောင်း အုတ် တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် အခင်းဖြစ်နေရာတွင် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၇ ရက် ည ၈ နာရီခွဲခန့်က  ဘားအံမြို့နယ် လာလမိန်းကျေးရွာနှင့် အိန္ဒုကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းအတိုင်း ဘီစီ(၂၀-နှစ်)နောင်လုံ ကုလားစု ကျေးရွာ၊ အနောက်ကျေးရွာအုပ်စု၊ ဘားအံမြို့နယ်နေသူမောင်းနှင်လာသော နံပါတ်မပါ Wave-100 အမျိုးအစား နက်/ပြာ အရောင်ဆိုင်ကယ်(လိုင်စင်စိစစ်ဆဲ)သည် ဘားအံမြို့နယ် ကော့စိန် ဘန် အထက်ကျေးရွာ ဘုန်းကြီးကျောင်းကွေ့အရောက် အရှိန်မထိန်းနိုင်ဘဲ ဘုန်းကြီးကျောင်း အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဘီစီတွင် ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သဖြင့် အဆိုပါ ဖြစ်စဉ်အား အိန္ဒုနယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)