ဘားအံ ၃ ဇန်နဝါရီ
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် မူးယစ်တပ်ဖွဲ့စု ၃၁ မှ ရဲအုပ်ထွန်းထွန်းဝင်း ဦးစီးသော အဖွဲ့နှင့် ဇာသပြင် နယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ် ဇာသပြင် အနောက်ကျေးရွာ တိုးချဲ့ကွက်သစ်၊ ခတ္တာလမ်းနေ ဦးယဉ်ထွေး၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ယဉ်ထွေးအား နေအိမ်တွင် တွေ့ရှိရပြီး နေအိမ်၏ အနောက်ဘက် ခြံစည်းရိုးအနီးနှင့် အိမ်သာ ဝဲဘက်ဘေး ခြံထောင့်တွင် ခြံခတ် စိုက်ပျိုးထားသော အမြင့်(၉)ပေခန့်၊ လုံးပတ်(၂) လက်မခန့်ရှိ ဘိန်းစာရွက်ပင်တစ်ပင်၊ အမြင့် ၁၅ ပေ၊ လုံးပတ် လုံးပတ် ၁၄ လက်မခန့် ရှိသော ဘိန်းစာရွက်ပင် တစ်ပင်တို့တွေ့ရှိ၍ သက်သေများရှေ့ အရွက်များကို ချိန်တွယ်ရာ (၆.၅)ကီလိုဂရမ်ကို သိမ်းဆည်းရရှိပြီး ပင်စည်နှင့်အကိုင်းအလက်တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းနေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အပေါ်ထပ် ၎င်းအိပ်သည့် အခန်းအတွင်းမှ WY စိတ်ကြွဆေးပြား ကိုးပြားနှင့် ဆေးရှူရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများနှင့် မြန်မာငွေရောရာ နှစ်သိန်းကျပ်တို့ကို သိမ်းဆည်းရရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယဉ်ထွေး(၅၀)နှစ် ဇာသပြင် အနောက်တိုးချဲ့ကွက်သစ်၊ ဘားအံမြို့နယ် နေသူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
မင်းသူ(ဘားအံ)