နေပြည်တော် ၃  ဇန်နဝါရီ 

မူးယစ်တပ်ဖွဲ့စု(၃၁)ဘားအံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာအုပ်စု၊ ဇာသပြင်(အနောက်)ကျေးရွာ၊ တိုးချဲ့ကွက်သစ်၊ ခတ္တာလမ်းရှိ ယဉ်‌ေထွး၏နေအိမ်ကိုရှာဖွေရာ ခြံဝင်းအတွင်း၌ စိုက်ထားသည့် ဘိန်းစာပင် ၂ ပင်မှ ရရှိသည့် ဘိန်းစာရွက် ၆ ဒသမ ၅ ကီလို၊ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားနှင့် ငွေကျပ် ၂ သိန်း တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယဉ်ထွေးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 

MDN