ဘားအံ ၁၃ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးခဲ့၍ မဲရုံများတွင်အသုံးပြုခဲ့သော မဲပုံးနှင့် ဆက်စပ် ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံသို့ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့နယ်အတွင် မဲရုံပေါင်း ၂၃၀ ရုံရှိရာ ၂၀၂ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့က အောင်မြင်စွာကျင်းပပြီးဖြစ်သဖြင့် ရပ်ကွက်နှင့် ကျေးရွားများရှိ မဲရုံများတွင် အသုံးပြုသောမဲပုံးများ၊ မဲစာရင်းရေသည့်ခြင်းတောင်းများ၊ ဆန္ဒပြုခန်းများ၊ အမှန်ခြစ် တံဆိပ် တုံးများ၊ ချိတ်တောင့်များ၊ မဲစာရင်းထည့် ဆာလာအိတ်များ၊ လုံခြုံရေးကြိုးများ၊ မှင်အိုးနှင့် အခြားမဲရုံ သုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက စနစ်တကျ လာရောက် အပ်နှံခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲရုံသုံး ပစ္စည်းများကို ပျောက်ဆုံးပျက်ဆီးမှု မရှိစေရေးအတွက် စနစ်တကျ လက်ခံလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


