ဘားအံ ၂၇  မတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၊ ဈေးများတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ COVID-19 ကြိုတင်ကာကွယ်ရေး ကလိုရင်းဆေးရည် (ပိုးသတ်ဆေး)များ ပတ်ဖျန်းပေးလျက်ရှိကြောင်း သိရသည်။

 

ဘားအံမြို့ပေါ်တွင် လူစည်ကားသည့် ဈေး()ဈေးရှိပြီး မတ် ၂၄ ရက်တွင် ကမ်းနားလမ်း ညဈေးတန်းနှင့် ကန်သာယာ ညဈေးတန်း၊ မတ် ၂၅ ရက်တွင် ဘားအံမြို့မဈေးကြီးနှင့် အမှတ် () စံပြဈေးကြီး၊ မတ် ၂၆ ရက်တွင် အမှတ် () စံပြဈေးကြီး (မဲဘောင်)တို့တွင် ဘတ်တီးရီးယားနှင့် ရောဂါပိုးများ ရှင်သန်ပေါက်ပွားမှု မရှိစေရေး၊ ရေဆိုးစွန့်ပစ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး၊ အမှိုက်ကင်းစင်၍ ဈေးအတွင်း သန့်ရှင်းသာယာလှပရေးနှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၍ ကလိုရင်းပိုးသတ်ဆေးများ ပတ်ဖျန်းခြင်းဖြစ်သည်။

 

mdn

 

ပိုးသတ်ဆေးပတ်ဖျန်းရာတွင် အများပြည်သူ စိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် ဈေးသူဈေးသားနှင့် ဈေးဝယ်သူ နည်းပါးချိန်ကို ရွေးချယ်ပတ်ဖျန်းခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပတ်ဖျန်းခြင်းဖြစ်သည့် အတွက် ဘေးအန္တရာယ်မရှိကြောင်း၊ ဘားအံမြို့ပေါ်တွင် ကျန်ရှိသည့် သံလွင်ဈေး၊ သီရိဈေး၊ မာန်အောင်ဈေးနှင့် လူစည်ကားရာ နေရာများတွင်လည်း ပိုးသတ်ဆေးများ ပတ်ဖျန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

ဘားအံမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး အများပြည်သူတို့၏ စားဝတ်နေရေး အခက်အခဲမရှိစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အခက်အခဲ မရှိစေရေးအတွက် ဈေးများကို ပိတ်သိမ်းသွားမည် မဟုတ်ဘဲ နေ့စဉ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)