ဘားအံ ၁၉ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံမြို့ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၇ နာရီက စတင်ကာ ဘားအံမြို့ ကမ်းနားလမ်းရှိ အာဇာနည်ကျောက်တိုင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများက ကျဆုံးလေပြီးဖြစ်သော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်မှန်း၍ လွမ်းသူပန်းခွေချကာ အလေးပြုကြပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်(၂)မိနစ် ငြိမ်သက်ကြသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုကူညီရေးအသင်းများ၊ အသင်းအဖွဲ့များ၊ မြို့ပေါ်ရှိ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူလူထုများ၊ ပါတီများ၊ စားသောက်ဆိုင် လုပ်ငန်းရှင်အသင်းများ၊ ကရင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ စုစုပေါင်း (၁၀ဝ၀ဝ) ဦးကျော်ခန့်က အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်မှန်း၍ လွမ်းသူပန်းခွေချကာ အလေးပြုကြပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် (၂)မိနစ် ငြိမ်သက်ကြသည်။ (၁၀)နာရီ(၃၇) မိနစ်အချိန်တွင် ဥသြဆွဲပြီး တက်ရောက်လာသူများက သုံးမိနစ် ငြိမ်သက်စွာ အလေးပြုကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


