ဘားအံ ၇ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှကြီးမှူး၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ခရိုင်/မြို့နယ် အလိုက် ရဲတပ်ဖွဲ့ဝင်များအား ဖိတ်ခေါ်ကာ ယမန်နေ့ မွန်းလွဲ ၃ နာရီမှ စတင်ကာ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်းအတွင်း၌ စည်ကားသိုက်စွာ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ဘားအံခရိုင် ရဲတပ်ဖွဲ့အသင်း၊ ဘားအံမြု့နယ် ရဲတပ်ဖွဲ့အသင်း၊ ရဲအကူတပ်ဖွဲ့ခွဲအသင်း၊ ဖာပွန်ရဲတပ်ဖွဲ့အသင်း၊ အမှတ်(၁ဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့အသင်း၊ မြဝတီရဲတပ်ဖွဲ့အသင်း၊ ကြာအင်းဆိပ်ကြီး ရဲတပ်ဖွဲ့အသင်း၊ ကော့ကရိတ် ရဲတပ်ဖွဲ့အသင်း၊ လှိုင်းဘွဲမြိုနယ် ရဲတပ်ဖွဲ့အသင်း၊ သံတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့အသင်း စုစုပေါင်း အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် ထမနဲများကို အကဲဖြတ် အမှတ်ပေးကြသည်။
ပြိုင်ပွဲတွင် ပထမဆုရ ဘားအံခရိုင် ရဲတပ်ဖွဲ့အသင်းအား ငွေကျပ် ၁၅၀၀၀၀ ဒိုင်းဆုနှင့်ဂုဏ်ပြုလွှာ၊ ဒုတိယဆုရ ဘားအံမြို့နယ် ရဲတပ်ဖွဲ့အသင်းအား ငွေကျပ် ၁၂၀၀၀၀၊ ဒိုင်းဆုနှင့် ဂုဏ်ပြုလွှာ၊ တတိယဆုရ ရဲအကူတပ်ဖွဲ့ခွဲအသင်းအား ငွေကျပ် ၁၀၀၀၀၀ ဒိုင်းဆုနှင့် ဂုဏ်ပြုလွှာတို့အား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)