ဘားအံ       မတ်လ

 

ကရင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် "မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကိုကျင်းပခြင်း၊ တိုင်းရင်းဆေး စဉ်ဆက်မပြတ် Traditional Medical Education (CTME) "အစီအစဉ်ဖြင့်ရေယုန်ရောဂါနှင့် ကင်းပုံပင်အကြောင်း သိကောင်းစရာ  စာတမ်းဖတ်ကြားခြင်းကို ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံဘားအံတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့ဩဝါဒသဝဏ်လွှာကို ဆေးရုံအုပ်ကြီး  ဒေါ်ကြည်ကြည်ဌေး က ဖတ်ကြားပြီး ကရင်ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုင်းရင်းဆေးပညာဖြင့် ဆောင်ရွက်နေသည့်အခြေအနေများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ကရင်ပြည်နယ်အသင်းခွဲ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းရင်းဆေး စဉ်ဆက်မပြတ် Traditional Medical Education (CTME) "အစီအစဉ်ကို  ဖာပွန်မြို့နယ် တိုင်းရင်းဆေးကုသဌာနမှ ရေယုန်ရောဂါနှင့် ကင်းပုံပင်အကြောင်း စာတမ်းဖတ်ကြားရာ ရေယုန်ရောဂါ၏ လက္ခဏာများ၊ တိုင်းရင်းဆေးပညာကုထုံးများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကာကွယ်ခြင်း သိကောင်းစရာများကို အသိပညာပေးစာတမ်း ဖတ်ကြားပေးခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်တိုင်းရင်းဆေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဘားအံမြို့ ခုတင်၅ဝဆံ့ တိုင်းရင်းဆေးရုံဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေးဆရာအသင်းမှတိုင်းရင်း ဆေးဆရာကြီးများ၊ ကရင်ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ် တိုင်းရင်းဆေးမှူးများ၊ ဒုတိုင်းရင်း ဆေးမှူးများ၊ လက်ထောက် တိုင်းဆေးမှူးများ၊ တိုင်းရင်းဆေးဝန်ထမ်းများနှင့် ဘားအံမြို့တိုင်းရင်း ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ဒေသခံတိုင်းရင်းဆေးပညာ ဝါသနာရှင်ပြည်သူများက ရေယုန်ရောဂါနှင့် ကင်းပုံပင်အကြောင်း ဆိုင်ရာစာတမ်းနှင့်ပတ်သက်၍ အကြံပြုခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း  သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

asd234e