ဘားအံ   ၁၄   နိုဝင်ဘာ  

ကရင်ပြည်နယ်၊ဘားအံမြို့တွင် မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ငန်းဆရာဖြစ်သင်တန်း ဖွင့်ပွဲကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

0019

 

ဖွင့်ပွဲတွင် ပြည်နယ်အစိုးရဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က တက်ရောက်အဖွင့် အမှာစကား ပြောကြားရာတွင်ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကိုပထမဦးစွာမသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မှတ်ပုံတင်ခြင်းလုပ်ငန်း ကနဦးအကောင်အထည်ဖော်မှု ရွေးချယ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊အားလုံးကို ခြုံငုံသုံးသပ်မယ်ဆိုရင် မသန်စွမ်းမှုဖြစ်ပွားမှုဟာ ကရင်ပြည်နယ်မှာ မြင့်မားတာတွေ့ရပါကြောင်း၊မသန်စွမ်းမှုဖြစ်ပွားမှု အကြောင်းအရာအလိုက်  မဖြစ်အောင်ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းများလုပ်ဆောင်ပေးနိုင်မှာဖြစ်တဲ့အပြင်မသန်စွမ်းသူများအတွက်အခွင့်အလမ်း များ ဆောင်ရွက်ပေးနိုင်သွားမှာ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

0017

 

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်း၊UNICEFမှ ဒုတိယဌာနေကိုယ်စားလှယ် မစ္စတာပေါလ်အက်ဒဝက်တို့က  မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သင်တန်းနှင့် ပတ်သက်သည် များအား ရှင်းလင်း ပြောကြားကြသည်။

 

0024

 

အဆိုပါသင်တန်းတွင် ကရင်ပြည်နယ်မသန်စွမ်းသူများအခွင့်အရေးကော်မတီများ၊မသန်စွမ်းအဖွဲ့အစည်းဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးများ တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာလ(၁၆)ရက်နေ့ထိ (၄)ရက် ဖြစ်ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)