ဘားအံ   ၁၅   နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သံဃာတော်/သီလရှင်အပါး(၅၀ဝ၀)အား ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှုး၍ နိုဝင်ဘာလ(၃၀)ရက်နေ့တွင်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ကျင်းပသွားမည် ဖြစ်ရာ အဆိုပါဆွမ်းဆန်စိမ်း လောင်းလှူ ပွဲ ဖြစ်စမြောက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ(၁၅)ရက်နေ့၊နံနက်(၁၀)နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

 

ဦးစွာ သံဃာတော်/သီလရှင်အပါး(၅၀ဝ၀)ဆွမ်းဆန်စိမ်းလောင်းလှုပွဲကျင်းပရေး နာယကက ရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှုး ဦးကျော်စိုးက လုပ်ငန်း စဉ်များအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှုပွဲ ဖြစ်မြောက်ရေးအတွက် ဉီးစီးကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်း ကော်မတီ၊ သံဃာတော်များပင့်ဆောင်ရေးလုပ်ငန်းကော်မတီ၊ သတင်း မှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊  ဆွမ်းဆက်ကပ်ရေး လုပ်ငန်းကော်မတီ အလိုက်အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ သံဃာတော်/သီလရှင်အပါး(၅၀ဝ၀)ဆွမ်းဆန်စိမ်းလောင်းလှုပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့၊ နံနက်(၆)နာရီခွဲ အချိန်မှစတင်ကာ ဘားအံမြို့လေယာဉ်ကွင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးနှင့် စေတနာရှင်ပြည်သူများ  ကုသိုလ်ပြုပါဝင် လောင်းလှူ သွားနိုင်ရေး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)