ဘားအံ၊ ၁၆ ဇွန်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ကျောင်းတက်/ ကျောင်းဆင်းချိန်များ၌ ကျောင်းသူ၊ ကျောင်းသားများ ယဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းလုံခြုံစေရေးအတွက် ယဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းဖွင့်ရက်တိုင်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယာဉ်မောင်းနှင်သူများအနေဖြင့် ကျောင်းတက်/ ကျောင်းဆင်းချိန်များတွင် အထူးဂရုစိုက် မောင်းနှင်ကြစေလိုကြောင်းနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျောင်းအားလုံးတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း ကျောင်းသားဉီးရေများပြီး မိန်းလမ်းမကြီးပေါ်တွင်ရှိသည့် အ.ထ.က (၁) (ဘားအံ) ကျောင်းနှင့် မြို့ပေါ်ကျောင်းများတွင် နံနက်ကျောင်းတက်ချိန်နှင့် ညနေကျောင်းဆင်းချိန်တို့၌ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသူ/ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းတွင်း လုံခြုံစေရေးတို့ကို စနစ်တကျ အလေးထား ဆောင်ရွက်ပေးနေကြောင်းကို အမှတ်(၇၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဘားအံ)မှ ယာဉ်ထိန်းတပ်ကြပ်ကြီး မင်းခိုင်၊ အမှတ်(၂၂)လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်မျိုး မြင့်ကျော်နှင့် ဘားအံခရိုင်ရဲတပ်မှူးရုံးမှ ရဲအုပ်မျိုးလှိုင်တို့ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


