ဘားအံ ၁၉ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံမြို့(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၇ နာရီက စတင်ကာ ဘားအံမြို့ ကမ်းနားလမ်းရှိ အာဇာနည်ကျောက်တိုင်၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြကြောင်း သိရသည်။
အခမ်းအနားကို ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်၀န်ကြီးများက ၀န်ကြီးဌာနအလိုက်၊ ဌာနဆိုင်ရာအလိုက် အာဇာနည်ခေါင်းဆောင်ကြီးများ အားရည်မှန်း၍ လွမ်းသူပန်းခွေချကာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံအား အလေးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် (၂)မိနစ်ငြိမ်သက်ခဲ့ကြသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုကူညီရေးအသင်းများ၊ အသင်းအဖွဲ့များ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား/ကျောင်း သူများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူလူထုများ၊ ပါတီများ၊ စားသောက်ဆိုင် လုပ်ငန်းရှင်အသင်းများက အာဇာနည်ခေါင်းဆောင်ကြီးများ အားရည်မှန်း၍ လွမ်းသူပန်းခွေချကာ အလေးပြုကြပြီး (၁၀) နာရီ(၃၇)မိနစ်အချိန်တွင် ဥသြဆွဲရာ တက်ရောက်လာသူများက သုံးမိနစ်ငြိမ်သက်စွာ အလေးပြုကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


