ဘားအံ     ၂၁    ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍  ဒေသအတွင်းစာဖတ်ရှိန် မြင့်မားလာစေရေးနှင့် စာတတ်သူတိုင်း စာဖတ်နိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူလူထုလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျှက်ရှိရာ ယနေ့တွင် နေရာလေးနေရာသို့  စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

58

 

ထိုသို့ငှားရမ်းပေးရာတွင် ဘားအံမြို့နယ်အတွင်းရှိ အထကနောင်လုံ၊ အုန်းတပင်ကျေးရွာစာကြည့်တိုက်၊ အိမ်တွင်းမှုသင်တန်းကျောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးတို့တွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

ဘားအံမြို့တွင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးလျှက်ရှိရာတွင် အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ သင်တန်းကျောင်းများ၊ ကျေးရွာများနှင့် ကျေးရွာစာကြည့်တိုက်များ၊ ဌာနဆိုင်ရာရုံးများတွင် တနင်္လာနေ့မှ သောကြာနေ့အထိ (၅)ရက်ကာလအတွင်း စာအုပ်ပေါင်း ၈၀၀ဝ ခန့်ကို အလှည့်ကျ သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်းနှင့် ယခုအခါ အခြေခံပညာကျောင်းများတွင် စာမေးပွဲဖြေဆိုချိန်နီးလာပြီး ဖြစ်သောကြောင့် ငှားရမ်းမှုခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ရွှေ့လျားစာကြည့်တိုက် တာဝန်ရှိသူများထံမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)