နေပြည်တော်၊ ဖေဖော်ဝါရီ ၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၅ နာရီတွင် ဘားအံမြို့နယ်၊ ဇာသပြင် (အရှေ့) ကျေးရွာအုပ်စု၊ ဇာသပြင် (အရှေ့) ကျေးရွာအနီး၊ ဇာသပြင် - ကျားကလေးသွား ကားလမ်းတွင် ကျော်မင်းထွန်း (ခ) ချမ်းမြေ့ မောင်းနှင်ပြီး ခိုင်ထူး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။
အလားတူ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာအုပ်စု၊ ကျောက်တန်းကြီး ကျေးရွာရှိ ကျောက်တန်း တံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးတွင် တင်မောင်အေးမောင်းနှင်ပြီး စံသိန်းမောင်နှင့် သန်းထွန်းတို့ လိုက်ပါလာသည့် သုံးဘီးမော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား