နေပြည်တော် အောက်တိုဘာ ၂၉ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၈ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာ အုပ်စု၊ ပိုင်ရမ်းကျေးရွာအနီး၊ နောင်လုံ-ပိုင်ရမ်းကျေးရွာသွားကားလမ်းတွင် မောင်မောင်ထွေး (ခ)မောင်ထွေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဖြူ မြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ်စခန်းကျေးရွာအနီး၊ မလွဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စောပလာဝါး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား