ဘားအံနှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၂၅ မေ

ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက်  မွန်းလွဲပိုင်းက သတင်းအရ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ စားသောက်ဆိုင်တွင်တွေ့ရှိသူ အောင်မိုးဦး(ခ)အောင်မိုး (ခ)ကိုမိုးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာရှိ အောင်မိုးဦး(ခ) အောင်မိုး(ခ) ကိုမိုး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏ဇနီးဖြစ်သူ မဝင်းသူဇာနှင့်အတူ သန်းဝင်း၊ တင်အောင်ကျော်၊ စောကျော်ရှိတို့ ၃ ဦးအား တွေ့ရှိရပြီး နေအိမ်ဝိုင်းအတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၁၂၈၀ဝ၀၊ လက်ကိုင်ဖုန်း ၃ လုံး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အလားတူ မေ ၂၄ ရက် ည ၇ နာရီက မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ပလီလင်း-အေးသာယာ သွားကားလမ်းတွင် မောင်လေး(ခ)စိုင်းနောင့်အွမ် မောင်းနှင်လာသည့် MRAK II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN