ဘားအံ နိုဝင်ဘာ ၈

 

ဘားအံပညာရေးဒီဂရီကောလိပ်တွင် အသစ်ခန့်အပ်သော နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများနှင့် အခြေခံ ပညာကျောင်းများတွင် အသစ်ခန့်အပ်သော လက်ထောက်မူလတန်းပြနှင့် လက်ထောက်အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီခန့်က ဘားအံပညာရေး ဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က အဖွင့်အမှာစကား ပြောကြားပြီး  ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

           

ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ဆရာအတတ်ပညာဦးစီးဌာနမှ အသစ်ခန့်ထားသော နည်းပြ/သရုပ်ပြ ဆရာမ(၄)ဦး၊ အခြေခံပညာဦးစီးဌာနမှ အသစ်ခန့်ထားသော လက်ထောက် အလယ်တန်းပြ ဆရာမ (၃) ဦးနှင့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမ (၁၄၉) ဦး စုစုပေါင်း (၁၅၆) ဦးကို နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ၊ စီမံရေးရာလုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများ၊ ပညာရေးဘာသာရပ်များ၊ သင်ပြနည်းများ၊ သက်ဆိုင်ရာဘာသာရပ်များကို ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

mdn