ဘာစီလိုနာအသင်းက တိုက်စစ်မှူး လီဝန်ဒိုစကီးကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူ

ဇူလိုင် ၂၂

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန် တိုက်စစ်မှူး လီဝန်ဒိုစကီးကို  လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

တိုက်စစ်မှူး   လီဝန်ဒိုစကီးဟာ  ဘိုင်ယန်မြူးနစ် အသင်းနဲ့ချုပ်ဆိုထားတဲ့    စာချုပ်သက်တမ်း   တစ်နှစ် ကျန်ရှိနေပေမယ့် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းက တိုက်စစ်မှူး လီဝန်ဒိုစကီး ကို ပြောင်းရွှေ့ကြေးပေါင် ၄၂ ဒသမ ၆ သန်းနဲ့ ခေါ်ယူခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။

လီဝန်ဒိုစကီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘိုင်ယန် မြူးနစ်အသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း  ၄၆ ပွဲ ပါဝင်ကစား ပေးခဲ့ပြီး သွင်းဂိုး ၅၀ အထိ သွင်းယူပေးနိုင်ခဲ့ကာ ဘိုင်ယန် မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါချန်ပီယံဆုဖလား (၁၀)ကြိမ်ဆက်တိုက် ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဝန်ဒိုစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းကစားသမား ဘဝတစ်လျှောက် ပွဲစဉ်စုစုပေါင်း ၃၇၄ ပွဲပါဝင်ကစားပေး ခဲ့ရာမှာ   သွင်းဂိုး  ၃၄၄ ဂိုး    သွင်းယူနိုင်ခဲ့တာကြောင့် ဂတ်မူလာပြီးရင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒုတိယ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ   ဘရာဇီးတောင်ပံကစား သမား ရာဖင်ဟာ၊ အိုင်ဗရီကို့စ်ကွင်းလယ်ကစားသမား ဖရန်ကက်ဆီနဲ့     ဒိန်းမတ်နောက်တန်းကစားသမား ခရစ္စတန်ဆန်တို့ကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် လီဝန်ဒို စကီးဟာ  ဘာစီလိုနာအသင်းက ယခုအပြောင်းအရွှေ့ အတွင်း ခေါ်ယူခဲ့တဲ့ လေးဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။