ဘာစီလိုနာကို အနိုင်ယူပြီး စပိန်ဘုရင့်ဖလားကို ဗလင်စီယာ အသင်းဆွတ်ခူးရရှိ

mdn

၂၆ မေ

 

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်းနှင့် ဗလင်စီယာ အသင်းတို့ တနင်္ဂနွေနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဗလင်စီယာအသင်းက ဘာစီလိုနာအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ယူပြီး စပိန်ဘုရင့်ဖလားကို ဆွတ်ခူးရရှိခဲ့သည်။

 

ပထမပိုင်းတွင် ဗလင်စီယာအသင်းသည် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပထမပိုင်း ပွဲချိန် ၂၁ တွင် ဂါမဲရိုးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန် ၃၃ မိနစ်တွင် ရိုဒရီဂို က ဒုတိယသွင်းဂိုးဖြင့် ဘာစီလိုနာအသင်းကို ပထမပိုင်းတွင် ဦးဆောင်ကစားနိုင်ခဲ့သည်။

 

ဒုတိယပိုင်းတွင် ဘာစီလိုနာအသင်း ချေပဂိုးပြန်လည်ရရှိရေးအတွက် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန် ၇၃ မိနစ်တွင် မက်ဆီက ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။ လက်ကျန်မိနစ်များတွင် ဘာစီလိုနာအသင်း ချေပဂိုးထပ်မံရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း ဗလင်စီယာအသင်းက ဂိုးမပေးရရေးအတွက် အကောင်းဆုံးဟန့်တားနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ဗလင်စီယာအသင်း အနိုင်ရရှိခဲ့ကာ စပိန်ဘုရင့်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

 

MDN