ဖေဖော်ဝါရီ ၇

ဘာကီနာဖာဆိုနိုင်ငံမြောက်ပိုင်း ဆာဟယ်လ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က အကြမ်းဖက်သမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့်  လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရအစိုးရတာဝန်ရှိသူတစ်ဦးက ယမန်နေ့ညနေပိုင်းက ပြောကြားခဲ့သည်။

စီနိုပြည်နယ် ဘာနီဒေသတွင် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက လက်နက်ကိုင်အုပ်စု၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သား ၂၂ ဦး အပါအဝင် ၂၅ ဦး သေဆုံးခဲ့သည်ဟု ဆာဟယ်လ်ဒေသအုပ်ချုပ်ရေးမှူး ဒုတိယဗိုလ်မှူးကြီး ရိုဒိုဖီဆာဂိုက ပြောကြားသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း အနောက်အာဖရိက၌ လုံခြုံမှုမရှိခြင်းကြောင့် လူထောင်ချီဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရပြီး အများအပြားသေဆုံးခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဘာကီနာဖာဆိုတွင် သေနတ်သမားများ၏ ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားမှုကြောင့် စစ်သားများနှင့်အရပ်သားများအပါအဝင် လူ ၂၈ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသန္တရအုပ်ချုပ်ရေးမှူးနှင့် စစ်တပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို