ဂျကာတာ ၂၂ ဧပြီ 

 

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်ရှိ  အာဂွန်းမီးတောင် ဧပြီ ၂၁ ရက်တွင် ပေါက်ကွဲခဲ့ရာ မီးခိုးပြာများ မှုတ်ထုတ်ခဲ့ပြီး  မြေပြင်အထက်  ၂  ကီလိုမီတာခန့် အကွာအထိ  မီးခိုးပြာများ  ဖုံးလွှမ်းနေခဲ့ကြောင်း သဘာဝ ဘေးစီမံခန့်ခွဲရေးဌာနမှ  ပြောရေးဆိုခွင့်ရှိသူက  ပြောကြားခဲ့သည်။

 

မီးခိုးပြာများထွက်ပေါ်လာမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်ရှိနိုင်သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့်  ဒေသခံများအား နှာခေါင်းစည်းများ ဝေပေးနေကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စူတိုပိုပါဝိုနူဂရိုဟိုက ပြောသည်။ မီးတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန်  နံနက် ၈ နာရီ ၂၃ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး နိုင်ငံအနောက်တောင်ပိုင်းဆီသို့ မီးခိုး များနှင့်ပြာမှုန့်များ လွင့်မျောနေကြောင်း ၎င်းကပြောခဲ့သည်။

 

မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း နိုင်ငံတကာလေကြောင်းခရီးစဉ်များကို  ပယ်ဖျက်ခြင်းမရှိဘဲ ဆက်လက်ပြေးဆွဲနေကြောင်း သိရသည်။ ထို့ပြင် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူမရှိကြောင်း ၎င်းက ပြောသည်။ အာဂွန်းမီးတောင်သည် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့် မီးတောင် ဧရိယာအတွင်း တည်ရှိနေသည့်  ဒုတိယအမြင့်ဆုံး မီးတောင်ဖြစ်သည်။ ၁၉၆၃ ခုနှစ်ကလည်း အာဂွန်းမီး တောင်    ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ    လူပေါင်း  ၁၁၀ဝ ကျော် သေဆုံးခဲ့သည်။    

                         
 ဆင်ဟွာ