ဘာလီကျွန်းတွင် ပြင်းအား ၆ ဒသမ အဆင့်ရှိ ငလျင်လှုတ်ခတ်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အင်္ဂါနေ့ အစောပိုင်းက ပြင်းအား ၆ ဒသမအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဘူမိဗေဒ အေဂျင်စီက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် ဂျကာတာစံတော်ချိန် နံနက် ၇ နာရီ ၁၈ မိနစ်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ငလျင်မှာ ကြီးမားသည့် လှိုင်းတံပိုးများ ဖြစ်ပေါ်နိုင်သည့် အလားအလာမရှိသည့်အတွက် ဆူနာမီ သတိပေးချက်ထုတ်ပြန်ခြင်းမရှိကြောင်း အေဂျင်စီ၏ တာဝန်ခံဖြစ်သူ Wahyu Kurniawanက ဆင်ဟွာသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် Nusa Dua တွင် အသေးစားပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း အစီရင်ခံစာထဲတွင် ပါရှိကြောင်း ကျွန်း၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီ၏ အကြီးအကဲက ပြောကြားခဲ့သည်။

 

mdn

 

ကမ္ဘာလှည့်ခရီးသည်များသည် ငလျင်ဖြစ်ပွားပြီးခြင်း ဟိုတယ်မှ ထွက်ခွာခဲ့သော်လည်း ထိတ်လန့်ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ငလျင်၏ အကျိုးသက်ရောက်မှုအပေါ် ဆန်းစစ်လေ့လာမှုတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာငလျင်ကြောပေါ်တွင် တည်ရှိခြင်းကြောင့် ငလျင်ငယ်များ မကြာခဏ လှုပ်ရှားနေခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်