၂၇ နိုဝင်ဘာ

 

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ တက်ဂယ်လေဆိပ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးထိုးပေးမယ့် စင်တာအဖြစ် ပြောင်းလဲမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

 

နိုဝင်ဘာလက လေဆိပ်အဖြစ်ကနေ အပြီး ပိတ်သိမ်းလိုက်တဲ့ လေဆိပ်မှာ  ကာကွယ်ဆေးထိုးခံမယ့်သူ အများအပြားကို လက်ခံပြီး ဆေးထိုးပေးမှာဖြစ်ကြောင်း၊ Terminal C အဆောက်အအုံဟာ ဒီဇင်ဘာ လလယ်ကစပြီး ကာကွယ်ဆေးထိုးပေး နေရာအဖြစ် ပြောင်းလဲပြီးစီးမှာ ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ ကာကွယ်ဆေးထိုးပေးမယ့် နေရာ ၆၀ ကို ပြင်ဆင်ပြီးဆေးထိုးပေမယ်လို့ ဆိုပါတယ်။

 

ကျန်းမာရေးဝန်ကြီးက ကာကွယ်ဆေးဟာ မထိုးမဖြစ်တဲ့ဆေးမဟုတ်ကြောင်း ပြောပေမယ့် ဝန်ကြီးချုပ် အိန်ဂျလာမာကယ် က ကာကွယ်ဆေးဟာ ဂျာမနီနိုင်ငံအတွက် လိုဏ်ခေါင်းအဆုံးမှာ ရှိတဲ့ အလင်းရောင်လေးဖြစ်ကြောင်း ကြာသပတေးနေ့က လွှတ်တော်မှာ ပြောကြားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးနဲ့ ဖြန့်ချိရေးတွေကို ဗဟိုအစိုးရက တာဝန်ယူရမှာဖြစ်ပြီး ပြည်နယ်ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဆေးထိုးရာ အဆောက်အအုံ နဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ရမှာ ဖြစ်ပါတယ်။

 

လေဆိပ်ဟောင်း တက်ဂယ် မှာ တစ်နေ့ကို လူပေါင်း ၃,၀၀၀ ကနေ ၄,၀၀၀ အထိ ကာကွယ်ဆေးထိုးသွား မှာဖြစ်ပါတယ်။

 

ဒုက္ခသည်စခန်းအဖြစ်အသုံးပြုနေတဲ့ ‌နောက်ထပ်လေဆိပ်ဟောင်း တမ်ပယ်ဟော့ လေဆိပ်ဟောင်းဟာမှာလည်း ကာကွယ်ဆေးထိုးပေးမယ့် စင်တာအဖြစ်အသုံးပြုမယ်လို့ သိရပါတယ်။

 

 

လူဦးရေ ၃.၈ သန်းနေထိုင်တဲ့ ဘာလင်မြို့မှာ တစ်နေ့လျှင် လူပေါင်း ၂၀,၀၀၀ ကို ဆေးထိုးပေးနိုင်ရေးကို ပြင်ဆင်ထားကြောင်း ၊ နေ့စဉ် နံနက် ၉ နာရီမှာ ညနေ ၇ နာရီအထိ ကာကွယ်ဆေးထိုးမှာဖြစ်ကြောင်း ထုတ်ပြန်ပြောကြား ပါတယ်။

 

ဆေးထိုးပေးမယ့် စင်တာတွေမှာတာဝန်ထမ်းဆောင်ရန် လုံခြုံရေးဝန်ထမ်းတွေ ငှားရမ်းထားပြီးကြောင်း၊ စင်တာဝန်းကျင်ကိုလည်း သံဆူးကြိုးတွေနဲ့ ကာရံထားကြောင်း၊ စင်တာတစ်ခုမှာ ဝန်ထမ်း ၂၀၀ ကနေ ၂၅၀ အထိ တာဝန်ချထားရန် ဝန်ထမ်းစုဆောင်နေကြောင်း၊ ဝန်ထမ်းဆိုရာမှာ ဆရာဝန်၊ သူနာပြုအပြင် တခြားအထောက်အကူပြုဝန်ထမ်းတွေပါ ပါဝင်ကြောင်း အသေးစိတ်ထုတ်ပြန်ပါတယ်။

 

ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ ၂၂,၂၆၈ ဦးနဲ့ သေဆုံးသူ ၃၈၉ ဦးရှိသိရပါတယ်။

 

MDN

ကိုးကား - AFP