ရန်ကုန် ဧပြီ ၁၄
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာသပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲ တော် စတုဒီသာကျွေးမွေး လှုဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုဒ် ယာဉ်ရပ်နားနေရာ၌ ကျင်းပသည်၊၊
အခမ်းအနားသို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)၊ အတွင်းရေးမှုး ဦးအောင်မျိုးသန့်၊ အတွင်းရေးမှုး (ခရစ်ယာန်ဘာသာ)ဒေါ်ခင်ခင်မေ၊ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှုး ဦးထွန်းထွန်းဦး နှင့်တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်၊၊
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက မဟာသင်္ကြန်အကျနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြသူများကို သီးစုံသက်သတ်လွတ် ဒံပေါက်ထမင်းနှင့် အချိုရည်၊ ရေသန့်များဖြင့် အဟာရဒါနလှူဒါန်းကြသည်၊၊
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)သည် ဧပြီ ၁၅ ရက်မဟာသင်္ကြန် အကြတ်နေ့၊ ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့နှင့်ဧပြီ ၁၇ရက် နှစ်ဆန်းတစ်ရက်နေ့တို့ တွင်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများကို အာဟာရဒါနဖြင့် လှူဒါန်းကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်၊၊
သတင်းဓါတ်ပုံ- ကိုကိုဇော်(MNA)