ရန်ကုန် ဇန်နဝါရီ  ၂၀

 

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ (ဗဟို)၏ ၂၀၂၂ခုနှစ် နှစ်ပတ်လည် ညီလာခံနှင့် ၂၀၂၃ခု နှစ် အသင်းကြီး၏ လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်မှု စုံညီအစည်းအဝေး ကိုယနေ့ မွန်းလွဲ(၂)နာ ရီတွင် ရန်ကုန်တိုင်း ဒေသ ကြီး မင်္ဂလာတောင် ညွန့် မြို့နယ် အမှတ်(၂၃) ကန်ရိပ်သာလမ်းရှိ Esperado Lake View Hotel ၌ ကျင်းပသည်၊၊

 

အခမ်းအနားတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဦးစီး နာယက၊ ဗုဒ္ဓဘာသာက လျာဏယုဝ အသင်း (ဗဟို)ဥက္ကဌ  ဦးရဲထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊

 

ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးစိန်သန်းက အသင်းဘဏ္ဏာရေး ကိစ္စများရပ်နှင့် ရှေ့လုပ်ငန်းစဉ်များကို အကျယ်တဝင့်ဆွေးနွေးတင်ပြပြီး ဒုတိယဥက္ကဌများ၊ အထွေထွေ အတွင်းရေးမှူးနှင့် တက်ရောက်လာ ကြသူများကဖြည့်စွက် ဆွေးနွေး တင်ပြကြသည်၊၊

 

ယင်းနောက်  ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌက နိဂုံးချုပ်အမှာ စကားပြောကြားသည်၊၊

 

ဆက်လက်၍ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး(ဗဟို)အဖွဲ့တို့ အလှူငွေပေးအပ် လှူဒါန်းပွဲကို ကျင်းပရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဂုဏ်ထူး ဆောင်နာယက ဦးဌေးအောင်က ငွေကျပ်သိန်း(၁၂၀)၊ ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေးအဖွဲ့(ဗဟို)အဖွဲ့ဒုတိယဥက္ကဌ ဦးစိုးနိုင်က ငွေကျပ်သိန်း(၁၀၀)၊ ဘာသာပေါင်းစုံ ချစ် ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)အဖွဲ့ဒုတိယ ဥက္ကဌ ဦးအောင်ဇော်ဝင်း က ငွေကျပ် သိန်း(၁၀၀)၊ တွဲ ဘက်အတွင်း ရေးမှူး ဦးဌေးဦး က ငွေကျပ်သိန်း(၃၀) တို့ကို ပေးအပ်လှူဒါန်းကြရာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ဦးစီး နာယက၊ ဗုဒ္ဓဘာသာက လျာဏယုဝအသင်း (ဗဟို)ဥက္ကဌ ဦးရဲထွန်းက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်

ကိုကိုဇော်(သတင်းစဉ်)