၁၀ နိုဝင်ဘာ
ဘဲလာရုစ်နိုင်ငံကနေ ဗြိတိန်သံတမန်နှစ်ဦးကို persona non grata လို့ သတ်မှတ်လိုက်တဲ့အတွက် နိုင်ငံကနေ နှင်ထုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက ရုပ်မြင်သံကြားတစ်ခုကို တနင်္လာနေ့က ပြောကြားပါတယ်။
ဘဲလာရုစ် ရုပ်မြင်သံကြား ONT ရဲ့ သတင်းထုတ်ပြန်ချက်အရ ဗြိတိန် သံတမန်နှစ်ဦးဟာ ဘဲလာရုစ်ဆိုင်ရာ ဗြိတိန်ဒုသံအမတ် လီဇာ သမ်းဝုဒ် နဲ့ စစ်သံမှူး တင်မသီ ရိုက်ဘွိုင်းကောက် တို့ဟာ ဘဲလာရုစ်ကနေ ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရပါတယ်။
သံတမန်နှစ်ဦးဟာ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေနဲ့ အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ မကြာခဏ တွေ့ဆုံခဲ့ကြောင်း ဘဲလာရုစ်က ပြောပါတယ်။
ဘဲလာရုစ်နိုင်ငံမှာ ဆယ်စုနှစ် နှစ်ခုကျော် အာဏာရယူထားတဲ့ အလက်ဇန္နဒါး လူချန်ကို ရွေးကောက်ပွဲမှာ အနိုင်ရချိန် ပြီးခဲ့တဲ့ သုံးလကစပြီး ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
စက်တင်ဘာလကုန်ပိုင်း က စပြီး ဘဲလာရုစ်နိုင်ငံကို ပိတ်ဆို့အရေးယူတဲ့ ပထမဆုံး နိုင်ငံတွေကတော့ ဗြိတိန် နဲ့ ကနေဒါ နိုင်ငံတို့ ဖြစ်ပါတယ်။
အရေးယူပိတ်ဆို့တဲ့ အခြေခံအကြောင်းအချက်ကတော့ လူချန်ကို ၊ သူ့သား နဲ့ အစိုးရအဖွဲ့ ရဲ့ ထိပ်တန်း အဖွဲ့ဝင်ဟာ လူ့အခွင့်ရေးချိုးဖောက်တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှ လူပေါင်း ၁.၀၄၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း ဆန္ဒပြသူပေါင်း ၇,၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။
MDN
ကိုးကား - AFP