ဘော့ဆွာနာလေယာဉ်ပျက်ကျမှုတွင် လေယာဉ်မှူးတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုဖြစ်ပွား

၂၅ မတ်

ဘော့ဆွာနာ မြို့တော် ၊ ဂါဘိုရုန်း၏မြောက်ဘက် ၃၀ ကီလိုမီတာအကွာ ၊ မတ်စီအမ်း ပုဂ္ဂလိက လေယာဉ်ကွင်းတွင် စနေနေ့ညအစောပိုင်းက လေယာဉ်ပျက်ကျရာ လေယာဉ်မှူးတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားကြောင်း သိရသည်။

မတ်စီအမ်း ပျံသန်းရေးအသင်း၏ သတင်းထုတ်ပြန်ချက်အရ ထိုလေယာဉ်မှူး သည် နေ့ခင်းပိုင်းက သူ၏ဇနီး နှင့် အချင်းချင်းစကားများခဲ့ကြသည်ဟု ကောလာဟလ ကြားသိရကြောင်း ဖော်ပြထားသည်။

အဆိုပါ ညနေအစောပိုင်းက ယင်းလေယာဉ်သည်  ဆာစီရတ်စီခါမာ လေဆိပ်မှ မတ်စီအမ်း  ပုဂ္ဂလိက လေယာဉ်ကွင်းသို့ ခပ်နိမ့်နိမ့် ပျံသန်းလာစဉ် လေကြောင်းထိန်းချုပ်ရေးမျှော်စင်ဘေးရှိ ကလပ်အဆောက်အဦကို ထိခိုက်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုလေယာဉ်ပျက်ကျမှုကြောင့် ယင်းကလပ်အဆောက်အအုံနှင့် မတ်စီအမ်း အေတီစီမျှော်စင် ပျက်စီးမီးလောင်သွားခဲ့ပြီး ယင်းမီးလောင်မှုကြောင့် အနီးနားရပ်နားထားသော ယာဉ် ၁၃စီး ပျက်စီးခဲ့ကြောင်းနှင့်  ဒဏ်ရာပြင်းထန်စွာ ရရှိသူ မရှိကြောင်း သိရသည်။

ဘာသာပြန် -မြင့်မြင့်ချို
ကိုးကား - ဆင်ဟွာ