ကိုဆိုဗို၊ အောက်တိုဘာ ၄

 

ဘော့စနီးယား ဟာဇီဂိုဗီးနားနိုင်ငံတွင် အောက်တိုဘာ ၄ ရက်က မိုးသည်းထန်စွာရွာသွန်းရာမှ တစ်ဆင့် မုန်တိုင်းတိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကာ နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများရှိ မြို့များနှင့် ကျေးရွာအများအပြား ရေကြီး ရေလျှံမှုဖြစ်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတောင်ပိုင်းရှိ ကယ်ဆယ်ရေးဝန်ဆောင်မှုအဖွဲ့အစည်းများက လူအများအပြား ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။ မုန်တိုင်း၏အရှိန်ကြောင့် မြေပြိုပြီး လမ်းများပိတ်ဆို့ကာ လျှပ်စစ်မီးပြတ်တောက် ခဲ့သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်များက ဆောင်ရွက်ခဲ့ရသည်။

 

လက်ရှိအချိန်တွင် တပ်မတော်သားများက မြေပြိုမှုအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရေးအတွက် ဆောင်ရွက်နေကြသည်။ ဘော့စနီးယားမီဒီယာများက ဒရုန်းများဖြင့် ရိုက်ကူးပြသသည့် ဓာတ်ပုံများတွင်  ရေအောက်ရောက်ရှိနေသည့် မြို့ရွာများကို တွေ့မြင်ရသည်။

 

ကိုးကား - ယူရိုနယူးစ်

ဘာသာပြန် - စိုးသူရ