ဘောဂလိ၊   ၆   ဇန်နဝါရီ  

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိဒေသသည်   တောင်ပေါ်ဒေသဖြစ်၍  အဓိကစီးပွားရေး အနေဖြင့်  ဉယျာဉ်ခြံလုပ်ငန်းကို   အဓိကထား  လုပ်ကိုင်လျက်ရှိရာ   စီးပွားရေးလုပ်ငန်းအရ   သီးနှံများစွာ ရှိသည့်အနက်မှ   ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း   တစ်ခုအပါအဝင်  ဖြစ်ကြောင်း သိရသည်။

ဘောဂလိဒေသတွင်  စိုက်ပျိုးရေးဦးစီးဌာနမှ  ကော်ဖီစိုက်တောင်သူများအား  ကော်ဖီစိုက်ပျိုးနိုင်မှု  အဆင့်မြှင့်တင်ခြင်း၊ အရည်အသွေးကောင်းမွန်သည့်   မျိုးကောင်း မျိုးသန့်များ  ရွေးချယ်စိုက်ပျိုးခြင်း၊  ပင်အိုတက်သစ်မွေးမြူခြင်း   ကော်ဖီခူးဆွတ်ချိန်  နည်းလမ်းမှန်ကန်စေရေး  စသည့် နည်းပညာများ ကိုလည်း   လက်တွေ့ အသိပညာပေး လုပ်ငန်းများ   ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ယခုအခါ  ကော်ဖီသီးများ  ရင့်မှည့်လာပြီဖြစ်၍   ဒေသခံများ  စတင်ခူးဆွတ်လျက်ရှိပြီး   အခြောက်လှန်း၍ အခွံချွတ်ခြောက်တစ်ပိဿာလျှင်  ကျပ်(၃၀၀၀)ခန့်  ရရှိကြောင်း သိရသည်။

နီလာအေး(ပြန်/ဆက်)