ဘောဂလိ၊   ၂၀   ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ လမ်းဘေးရှိ ကမ်းပါးယံများ ပြိုကျမှုမဖြစ်စေရန်   ကြိုတင် ကာကွယ်သည့်အနေဖြင့် မြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းများကို မြို့စည်ပင်သာယာရေးအဖွဲ့မှ  ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့စည်ပင်သာယာရေး၏ ခွင့်ပြုရန်ပုံငွေဖြင့်   ဘောဂလိမြို့ အမှတ်(၁)ရပ်ကွက် ဖူးဖိုးသောလမ်းဘေး ကျောက်စီမြေထိန်းနံရံ ပြုလုပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပြီး  မြေထိန်းနံရံများ  ပြုလုပ်ခြင်းဖြင့်  မိုးရာသီတွင်  ဖြစ်ပွားတတ်သော  ကမ်းပါးယံပြိုကျခြင်း၊ လမ်းပိတ်ဆို့ခြင်းများမှ ကာကွယ်နိုင်မည် ဖြစ်သည်။ အဆိုပါ မြေထိန်းနံရံပြုလုပ်ခြင်းသည်  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ  အရည်အသွေး ပြည့်မီရေးအတွက်  မြို့စည်ပင်သာယာရေးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အရှည်ပေ ၁၅၀၊ အမြင့် ၁၀ ပေ ခွင့်ပြုရန်ပုံငွေ ၃၃ ဒသမ ၁ သန်း ရှိကြောင်း  သိရသည်။ 

 

ဘောဂလိ(ပြန်/ဆက်)