ဘောဂလိ ၁၃ မတ် 


နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကရင်စာပေ သင်တန်းကို ဘောဂလိမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဖူးထေ့လေ့ အဆောက်အအုံ၌ ယမန်နေ့က ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ နွေရာသီ ကရင်စာပေ သင်တန်းတွင် ကလေးငယ်များအား ကရင်စာပေ အရေး၊ အဖတ်နှင့် ပုံပြင်သီချင်းများ ကျမ်းစာများသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ ၃ ပတ်ကြာမြင့်မည်ဖြစ်ကြောင်းဘောဂလိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN