ဘောဂလိ ၁၅ ဇွန်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ခူပြောင်ကျေးရွာ အမကကျောင်း အနောက်ဘက်တွင် ဆောင်ရွက်လျက်ရှိသည့် ကျောက်စီမြေထိန်းနံရံ  လုပ်ငန်းဆောင်ရွက်မှုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျောက်စီမြေထိန်း နံရံသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ လွှတ်တော်ရန်ပုံငွေ ကျပ် သိန်း ၄၀ ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အလျားပေ ၆၀၊ အမြင့် ၁၀ ပေ၊ ထု ၃ လက်မရှိ  ကြောင်း သိရသည်။

 

ဘောဂလိမြို့သည် တောင်ပေါ်ဒေသမြို့ တစ်မြို့ဖြစ်ပြီး  တောင်ကုန်း တောင်တန်း ပေါများ ကြောင်း၊ ယခုတည်ဆောက်လျက်ရှိသော ခူပြောင်အမက ကျောင်းသည်လည်း  တောင်စောင်းတွင် တည်ဆောက်ထားခြင်းကြောင့် ရေရှည်တည်တံ့ရန်အတွက် ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ရခြင်း ဖြစ်ကြောင်း ကျောက်စီမြေထိန်းနံရံ တည်ဆောက်ရေး လုပ်ငန်းမှ တာဝန်ရှိသူ ဦးသန်းဝင်မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

နီလာအေး (ပြန်/ဆက်)