ဘားအံ ၂၃ ဇွန်
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ ဘောဂလိမြို့နယ် မဲတင်းတိမ်ကျေးရွာအုပ်စု ဖြတ်လမ်းကူး ကျေးရွာနေ ဦးစောသေဖော၏ လယ်ကွင်းအစပ် ရေနုတ်မြောင်း တူးဖော်ရာမှ ဇွန် ၉ ရက်နေ့တွင် ဉာဏ်တော်အမြင့် (၅) လက်မ ၊ ပလ္လင်တော် အမြင့် (၂) လက်မရှိ ဗုဒ္ဓကြေးဆင်းတုတော် (၁) ဆူ ၊ ဉာဏ်တော်အမြင့် (၂) လက်မ ပလ္လင် အမြင့် (၁ ) လက်မခွဲရှိ ရဟန္တာ(၂) ဆူ နှင့် သက္ကရာဇ် ၁၂၆၉ ခု ပါရှိသည့် အလှူရှင်မှတ်တမ်း ရေးထိုးထားသော ငွေပေလွှာ (၁) ရွက် အားတူးဖော်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတူးဖော်ရရှိသော ဆင်းတုတော်များ နှင့် ငွေပေလွှာ အား ကရင်ပြည်နယ်ယဉ်ကျေးမှု ပြတိုက် (ဘားအံ) တွင် ခေတ္တလက်ခံထားရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ( နေပြည်တော်)သို့ တင်ပြဆောင်ရွက်သွားပြီး ပညာရှင်များနှင့် ရှေဟောင်းပစ္စည်း စစ်မှန်မှု ရှိ/မရှိ နှင့် ခေတ်ကာလများကို ခွဲခြားသတ်မှတ်၍ တွေ့ရှိအပ်နှံသည် ဦးစောသေဖောအား ရှေးဟောင်း ဝတ္တုပစ္စည်း ကာကွယ်ထိန်းသိမ်းရေး ဉပဒေနှင့်အညီ ဆုကြေးငွေရရှိရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ရှေးဟောင်းသုတေသတနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ( ဘားအံဌာနခွဲ ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်နွယ်ဟန် ထံမှ သိရှိရသည်။
စိုးစိုးအေး ( ပြန်/ဆက်)


