ဘောဂလိ  ၃  ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာ လှပရေး ကွန်ကရစ်လမ်းခင်ခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ မြို့သာယာလှပရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခွင့်ပြုရန်ပုံငွေဖြင့် ဖူးဖိုးသောလမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်း လုပ်ငန်းကို နိုဝင်ဘာ တတိယအပတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်း လုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန်စံညွှန်း ပြည်မီစေရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ အရှည်(၃၅၀)ပေ၊ အကျယ် (၁ပေခွဲ)၊ အမြင့် (၁ပေခွဲ) ရှိပြီးခွင့်ပြုရန်ပုံငွေ ကျပ်(၇.၆)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ဘောဂလိ(ပြန်/ဆက်)