ဘောဂလိ ၁၁ နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိဒေသထွက် သီးနှံတစ်ခုဖြစ်သော ကွမ်းသီးများ ပေါ်ချိန်သို့ရောက်ရှိလာ၍ ဒေသခံများ စတင်ခူးယူပြီး ဈေးကွက်သို့ ရောင်းချနေပြီ ဖြစ်သည်။

 

ကွမ်းသီးများသည် ဘောဂလိမြို့၏ အဓိကဒေသထွက် သီးနှံတစ်ခုဖြစ်ပြီး ကွမ်းသီးအစိုနှင့်   ကွမ်းသီးအခြောက် ဟူ၍ နှစ်မျိုးရောင်းချကြသည်။ ဘောဂလိမြို့တွင် အများအားဖြင့်  ကွမ်းသီးအစို ရောင်းချခြင်း အနည်းငယ်သာရှိ၍ ကွမ်းသီးအခြောက်အား ဈေးကွက်တွင်   ပြောင်ကြီးနှင့် ပြောင်နီဟူ၍ တွင်ကျယ်စွာ ရောင်းချကြောင်း သိရှိရသည်။

 

ကွမ်းသီးအစိုတစ်ပိဿာလျှင် ကျပ်သုံးထောင် ခန့်ရှိပြီး ပြောင်ကြီးအခြောက် တစ်ပိဿာ လျှင်ကျပ်တစ်သောင်း၊ ပြောင်နီတစ်ပိဿာလျှင် ကျပ်တစ်သောင်းနှစ်ထောင်ခန့် ရှိကြောင်း ဘောဂလိဒေသတွင် ကွမ်သီးခြံ စိုက်ဧက (၂၁၇၆) ဧက ရှိကြောင်း သိရှိရသည်။

 

ဘောဂလိ(ပြန်/ဆက်)

 

mdn