ဘာဂျီရိုနဲ့ မက်စတာနီဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားဟာ မြန်မာပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းထဲမှာ တစ်ဦးနဲ့တစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြတဲ့ မင်းသားနဲ့ မင်းသမီးဟာ အပြင်လောကမှာလည်း တကယ်ပဲလက်ထပ်ကြတော့ပါမယ်။
ဘောလိဝုဒ်မင်းသမီးချော ဒီပီကာပက်ဒူကုန်းဟာ အားလုံးက သိချင်နေကြတဲ့သူ့ရဲ့မင်္ဂလာပွဲကျင်းပမယ့်နေ့ကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။ ဒီပီကာပက်ဒူကုန်းဟာသူနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသူ ရန်ဗီယာဆင်းနဲ့ လက်ထပ်ပွဲကျင်းပမယ့်နေ့ကိုတနင်္ဂနွေနေ့ နေ့လယ်ပိုင်းကပဲ အတည်ပြုပြောကြားလိုက်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကနေတစ်ဆင့် လက်ထပ်ပွဲဖိတ်စာကို ပြသခဲ့ပါတယ်။
ဘယ်တော့ မင်္ဂလာဆောင်မလဲလို့ စိတ်ဝင်စားနေကြတဲ့ သူတို့ရဲ့ ပရိသတ်တွေအားလုံးအတွက် စိတ်လှုပ်ရှားဖွယ်ရာ အချိန်လေးဖြစ်ခဲ့ပါတယ်။ေဘာလိဝုဒ်ရဲ့ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးစုံတွဲဖြစ်နေတဲ့ ဒီပီကာနဲ့ ရန်ဗီယာဆင်းတို့ စုံတွဲဟာ နိုဝင်ဘာ ၁၄၊ ၁၅မှာ အီတလီနိုင်ငံမှာ လက်ထပ်ပွဲကျင်းပမှာပါ။လက်ထပ်မယ့်ရက်ကို အသိပေးပြီးပေမယ့် လက်ထပ်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားမယ့်ဧည့်သည်စာရင်း အပါအဝင် လက်ထပ်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
ေဘာလိဝုဒ်လိုက်ဖ် ဒေါ့ကွန်း