ဘောလခဲ ၃ ဧပြီ
ကယားပြည်နယ်၊ဘောလခဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ဧပြီလ(၂၀)ရက်နေ့၌ ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ယနေ့နံနက်(၁၁)နာရီခွဲက သိရသည်။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၊၁၃၂ ကေဗွီ လွိုင်ကော်ဓာတ်အားခွဲရုံတွင် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယ(၃)လပတ် ဧပြီ၊မေ၊ဇွန်လများတွင် ဓာတ်အားလိုင်းပြုပြင် ထိန်သိမ်းရေး လုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများ ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကြိုတင်ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ဘောလခဲ၊ဖားဆောင်း၊မယ်စဲ့၊ရွာသစ်မြို့နယ်များတွင် ဧပြီ(၂၀)ရက်နေ့ နံနက်(၉)နာရီမှညနေ(၁၄)နာရီအတွင်း ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ဖိုးရယ်


