ဘောလခဲ ၃၁ ဇူလိုင်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ ရှမ်းပိုင်းရပ်ကွက်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် တစ်ရက်(၃)ကြိမ် ဆော်ဩပေးလျက်ရှိကြောင်း ယနေ့နံက် ၉ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးမောင် ထံမှ သိရသည်။
ဆော်ဩပေးသည့် အခြေအနေမှာ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို ပုံစံ(၁)ဖြင့် ကြေညာထားသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းတွင် မိမိအမည် ပါဝင်ထားရှိ/မရှိ လာရောက်ကြည့်ရှုရမည်၊ မိမိအမည်မပါဝင်သေးပါက မဲစာရင်း၌ အမည်ထည့်သွင်းရန် မိမိကိုင်တိုင်ဖြစ်စေ၊ စာဖြင့်လွဲအပ်သော ကိုယ်စားလှယ်ကဖြစ်စေ ပုံစံ(၃)တွင် လိုအပ်သည်များ ဖြည့်သွင်းရေးသား၍ တောင်းဆိုရမည်။
မဲစာရင်း၌ပါရှိသော အမည်၊ ကျား၊ မ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာတို့ကို ပြင်ဆင်လိုလျှင်လည်းကောင်း၊ မဲစာရင်း၌ပါရှိသော ပုဂ္ဂိုလ်တစ်ဦးဦးကို ကန့်ကွက်လိုလျှင်လည်းကောင်း ကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်လွဲအပ်သော သက်ဆိုင်သူများ၏ ကိုယ်စားလှယ်ကဖြစ်စေ ပုံစံ(၄)သို့မဟုတ် ပုံစံ(၄-ဂ)တွင် လိုအပ်သည်များ ဖြည့်သွင်းရေးသား၍ ပြင်ဆင်/ကန့်ကွက်ရမည်။ ပုံစံ(၃၊၄) ပုံစံ(၄-ဂ) များကို ရှမ်းပိုင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ၂၀၂၀ ဩဂုတ် ၇ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဖိုးရယ်