ဘောလခဲ ၁၃ မေ
ကယားပြည်နယ်၊ ဘောလခဲမြို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် Quarantine ထားရှိသည့် ဝန်ထမ်း(၅)ဦးအား စောင့်ကြည့်ကာလပြီးဆုံး၍ ယနေ့ ညနေပိုင်းက နေအိမ်ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
သင်္ကြန်ရုံးပိတ်ရက်အတွင်း နေရပ်ပြန်သွားကြသည့် ဝန်ထမ်းများသည် သင်္ကြန်ရုံးပိတ်ရက်ကာလ ပြီးဆုံးချိန်တွင် မိမိတို့လုပ်ငန်းဌာနသို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်သည့်အတွက် သတ်မှတ်နေရာများတွင် ထားရှိစောင့်ကြည့်ရာ (၂၁)ရက် ပြည့်ပြီ ဖြစ်သည့်အတွက် နေအိမ်ပြန်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ နေအိမ်ပြန်ခွင့်ပြုရာတွင် ၎င်းတို့၏ လူသုံးကုန်ပစ္စည်းများကို ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဝန်ထမ်းများသည် ဘောလခဲတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရပ်ဝေးဒေသမှ ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။
ဖိုးရယ်(ပြန်/ဆက်)


