ဘောလခဲ   ၁၂   သြဂုတ် 

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဘောလခဲမြို့နယ် အတွင်း ကျေးရွာများရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးခြင်း ကို သြဂုတ် ၈ ရက်မှ ၁၁ ရက်‌အထိ နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကျေးရွာ အရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲများက မိုင်းထမ်းကျေးရွာအုပ်စု၊ ချိကွဲ့ကျေးရွာအုပ်စု၊ ဟော်ခမ်းကျေးရွာအုပ်စု၊ နန်းဖဲကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်/ကျေး စာရေးများက ပြုစုထားရှိပြီးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှန်ကန်မှု ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားပါ အချက်အလက်မှန်ကန်မှု ရှိ/မရှိ၊ မဲစာရင်း၌ အမည်(သို့မဟုတ်)နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ မှားယွင်းမှု ရှိ/မရှိ၊ မဲဆန္ဒရှင် စာရင်းများ ကျန်ရှိမှုရှိ/မရှိစစ်ဆေးပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တွင် ဖြည့်စွက်ပြီး ရပ်/ကျေး ကော်မရှင်ဖွဲ့ခွဲသို့ အချိန်မီပေးပြီး ပြင်ဆင်နိုင်ရေးဖြစ်ကြောင်း သိရသည်။

 

ဖိုးရယ်