ဘောလခဲ ၁၇ မေ 

 

ဘောလခဲခရိုင် ရဲတပ်ဖွဲ့ရုံးရှိ ရဲမှုထမ်းဟောင်း (၁၁) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာလအတွင်း စားသုံးရန်အတွက် ဆန် (၂) အိတ်၊  (၁၅) ပြည်၊ ဆီ ၃ ဒသမ  ၅၂ ပိဿာ၊ ဆား ၃ ဒသမ ၀၈ ပိဿာ၊ ကုလားပဲ ၅ ဒသမ ၂၈  ပိဿာတို့အား ဘောလခဲမြို့မှ စစ်ဗျူဟာမှူးက ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး စောမောရှည်မှ မာမီးဆီချက် ခေါက်ဆွဲ (၁)ဖာစီအား ယနေ့ နံနက် ၉ နာရီက ထောက်ပံပေးအပ်ခဲ့ ကြောင်း သိရသည်။

 

ထို့ပြင် တပ်မတော်စစ်ဆေးရုံ ကုတင် (၁၂/၂၅) မှ ဗိုလ်ကြီး ဇင်မောင်ထွေး ဦးစီးတပ်ဖွဲ့ဝင် ဆေးကုသရေးအဖွဲ့မှ ရဲမှုထမ်းဟောင်း (၁၁) ဦးနှင့် ယာယီ ဒုတိယရဲမှူးကြီး စောမောရှည် ဦးစီး (၉+၂၃) ဦးတို့အား ကျန်းမာရေး ဆေးစစ်ပေးမှု ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူးရုံး အတွင်း/အပြင်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ ရဲတပ်ဖွဲ့ဝင်ဟောင်းများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ အရာရှိ၊ တပ်ဖွဲ့ဝင်များကို ကျန်းမာရေး ဆေးစစ်‌ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လှရွှေ