ဘားအံ အောက်တိုဘာ ၁၂
တည်ငြိမ်အေးချမ်း၍ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ ကရင်ပြည်နယ်အတွင်း နေရာဒေသအသီးသီးတွင် ဘောလုံးပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ပြီး ဘောလုံးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကရင်ပြည်နယ် လက်ရွေးစင် အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
ကရင်ပြည်နယ် လက်ရွေးစင် အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးအသင်းသည် အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ နေပြည်တော်တွင် ပြုလုပ်မည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေ ကျပ် ၁၀ သိန်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီနှင့် အောင်နိုင်ရေးကော်မတီတို့က ငွေကျပ် ၂၂ သိန်း စုစုပေါင်းငွေကျပ် ၃၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘောလုံးအားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)