ဘောလုံးရာသီငါးရာသီအတွင်း ပရီမီယာလိဂ်ဖလားလေးကြိမ် ဆွတ်ခူးနိုင်မယ့် အခွင့်အရေးနဲ့ နီးစပ်လာ တဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ ပရီမီယာ လိဂ်ပွဲစဉ်(၃၆)အဖြစ် မေ ၁၁ ရက် ညပိုင်းက ဝုလ်ဗာဟမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ် ချန်ပီယံဆုဖလားကို ဘောလုံးရာသီငါးရာသီအတွင်း လေးကြိမ်အထိ ဆွတ်ခူးနိုင်မယ့်အခွင့်အရေးနဲ့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ ၂၀၁၈၊ ၂၀၁၉ နဲ့ ၂၀၂၁ တို့မှာ ပရီမီယာလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ ပရီမီယာလိဂ်ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ငါးရာသီအတွင်း လေးကြိမ်အထိ ဆွတ်ခူးနိုင်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။

ဗိုလ်ဗာဟမ်တန် အသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ခုနစ်မိနစ်၊ ၁၆ မိနစ်၊ ၂၄ မိနစ်နဲ့ မိနစ် ၆၀ တို့မှာ ဒီဘရိုင်းက လေးဂိုးအထိ သွင်းယူပေးခဲ့ပြီး စတာလင်က ၈၄ မိနစ်မှာ တစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ဗာဟမ်တန် အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၁၁ မိနစ်မှာ နီတိုးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံသွင်းဂိုး ၁၉ ဂိုးအထိရှိလာ

ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ အခုပွဲစဉ်မှာ လေးဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယခုဘောလုံး ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၁၉ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ရူဘင်ဒိုင် ယက်စ်၊ ဂျွန်စတုန်း၊ ကီလီဝေါ်ကာနဲ့ နက်သန်အကဲတို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဝုလ်ဗာဟမ်တန်ကို အကောင်းဆုံးကစားပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၃၆ အပြီးမှာ ရမှတ် ၈၉ မှတ် ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံး မှာ ဦးဆောင်နေပီး လီဗာပူးအသင်းကတော့ ပရီမီယာလိဂ် ပွဲစဉ် ၃၆ အပြီးမှာ ရမှတ် ၈၆ မှတ်နဲ့ အမှတ်ပေးဇယားဒုတိယ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်