အောင်လံ ၂၁ မတ်
မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် သံဃာတော်များရွတ်ပွားပူဇော်သည့် ဘေးအန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ပွားခြင်းကို မတ် ၂၀ ရက်နေ့ ညနေ ၄ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပရိတ်တရားတော်များနာယူ၍ လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့မိမြို့ဖတို့လိုက်ပါလျက် ဆရာတော် သံဃာတော်များက ဘေးအန္တရာယ်ကင်းပရိတ်တရားတော်များကို မြို့တွင်းအနှံ့ လှည့်လည်ရွတ်ဖတ်ပူဇော် ပရိတ်တော်ရေများ ဖျန်းခဲ့ကြကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


