ရန်ကုန် ၁၁ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် - Airports Council International ၏ Global Safety Network (GSN)  Diploma Programme သင်ရိုးသစ်တစ်ခုလုံးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ထမ်းများ သင်ယူပြီးမြောက်ပြီးပါကြောင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲမှု ဝန်ဆောင်မှု ပေးခဲ့ပြီးဖြစ်‌‌ကြောင်း Yangon Aerodrome Company Limited (YACL) မှ တာဝန်ခံတစ်ဦးက ‌မီဒီယာများသို့ ယနေ့အသိပေး ပြောကြားခဲ့ပါသည်။

 

အဆိုပါ Diploma Programme တွင် GSN 1 - Safety Management System (ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်)၊ GSN 2 - Airside Safety and Operations (လေယာဉ် ကွင်းအတွင်း ဘေးကင်းလုံခြုံရေးနှင့် လုပ်ငန်းလည်ပတ်မှု)၊ GSN 3 - Emergency Planning and Crisis Management (အရေးပေါ်အခြေအနေဆိုင်ရာ အစီအစဉ်ရေးဆွဲခြင်းနှင့်  ဘေးအန္တရာယ်စီမံခန့်ခွဲမှု)၊ GSN 4 - Working with Annex 14 (Annex 14 သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်း)၊ GSN 5 - Advanced Safety Management Systems (အဆင့်မြင့်ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုစနစ်များ) နှင့် GSN 6 - Aerodrome Auditing and Compliance (လေယာဉ်ကွင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှုစောင့်ကြည့်  လေ့လာအကဲဖြတ်ရေးနှင့် လိုက်နာဆောင်ရွက်ခြင်း) ဟူသည့် course ခြောက်ခုပါဝင်ကြောင်း သိရသည်။

 

အဆိုပါ course တစ်ခုချင်းစီသည် အောက်တိုဘာ ၇ ရက်မှစ၍ယနေ့ထိငါးရက်တာကြာမြင့်ပြီး ACI မှ ရွေးချယ်ထားသော နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များမှ သီအိုရီနှင့် လက်တွေ့သင်ကြားရေးနည်း စနစ်များဖြင့်လည်း ထိထိရောက်ရောက်လေ့လာသင်ယူနိုင်ရန် သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)