၁၂ ဩဂုတ်

 

 

လက်ဘနွန် နိုင်ငံတွင် လွန်ခဲ့သော တစ်ပတ်ကဘေရွတ် ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွင်း သေဆုံးသွားသည့် သူများအား ဂုဏ်ပြုရန် စုရုံးခဲ့ကြသည်။

 

 

ပေါက်ကွဲမှု ဖြစ်ပွားရာ အနီးတွင် သေဆုံးသူ ၁၇၁ ဉီး ရှိခဲ့ပြီးနောက် ဒဏ်ရာရရှိသူ ၆၀ဝ၀ ကျော်နှင့် ပျောက်ဆုံးနေသူ ၃၀ မှ ၄၀ အထိရှိပြီး  ပေါက်ကွဲမှု ဖြစ်စဉ်အနီးရှိ လူများက အင်္ဂါနေ့တွင် စုရုံးခဲ့ခြင်း ဖြစ်သည်။

 

 

ချာချ့် ခေါင်းဆောင်နှင့် ဗလီ ခေါင်းဆောင်များက သေဆုံးသူများအတွက် ဆုတောင်းပေးရန် ဆုတောင်းပွဲ ပြုလုပ်လျက် ရှိသည်။

 

 

ဝန်ကြီးချုပ် ဟတ်ဆန်ဒီဘာ့ ၏ အစိုးရကို အဂတိ လိုက်စားသည့် အစိုးအဖြစ် ရှုမြင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်၏ အစိုးရကို တနင်္လာနေ့ အတွင်းက  နုတ်ထွက်ပေးရန် ပြည်သူလူထုက ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

 

 

ဘေရွတ်မြို့တော်တွင် အင်္ဂါနေ့ အတွင်းက ပြည်သူများသည် ဆန္ဒပြမှုများ ထပ်မံပြုလုပ်ခဲ့ကြပြီး အချိူ့က ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသဖြင့် ရဲများက မျက်ရည်ယို ဗုံးများဖြင့် တိုက်ခိုက်သူများကို ဖြိုခွင်းမှုများ ထပ်မံပြုလုပ်ခဲ့ရသည်။

 

 

ပြီးခဲ့သည့်နှစ်က စတင်ခဲ့သည့် စီးပွားရေး အကျပ်အတည်း တစ်ရပ်ဒဏ် ခံစားနေရသည့် လက်ဘနွန် ပြည်သူများအတွက် ယခုပေါက်ကွဲမှုက နောက်ထပ် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်စေခဲ့သည်ဟု ယူဆရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်