ဘေရွတ်  အောက်တိုဘာ ၂၂

အောက်တိုဘာ   ၂၁   ရက်က ဘေရွတ်မြို့ ဂျနာဒေသသို့ ပစ်မှတ် ထားသော   အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့်   သေဆုံးသူ ၁၃  ဦး ရှိလာကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူ    ၅၇  ဦးရှိကြောင်း    လက်ဘနွန်ကျန်းမာ ရေးဝန်ကြီးဌာနက အောက်တိုဘာ   ၂၂  ရက်တွင် ပြောသည်။

အိုးအိမ်စွန့်ခွာထွက်ပြေး

အဆိုပါ အစ္စရေးလေကြောင်းတိုက်ခိုက်မှုသည်   ဘေရွတ်မြို့ရှိ လူနေထူထပ်သော ရာဖစ်ဟာ ရီရီယူနီဗာစီတီ ဆေးရုံအနီးတစ်ဝိုက်ရှိ ဒေသတစ်ခုသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအများစုသည် အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး    ဘေးလွတ်ရာနေရာများတွင်  ခိုလှုံနေကြရကြောင်း  သိရ သည်။

ပြင်းထန်သည့် တိုက်ခိုက်မှု

စက်တင်ဘာ ၂၃ ရက် နောက်ပိုင်း   အစ္စရေးတပ်မတော်သည် လက်ဘနွန်သို့ မကြုံစဖူး ပြင်းထန် သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆင်ဟွာ