၂၄ စက်တင်ဘာ


အီရတ်နိုင်ငံ အလယ်ပိုင်း ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး၏ အပြင်ဘက်အနားတွင်  ယမန်နေ့က မော်တာကျည်ဆံနှစ်ခု ကျရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။


အခိုင်အမာပြုထားသည့် ဘဂ္ဂဒက် Green Zone တွင် ညသန်းခေါင်မတိုင်မီက မော်တာကျည်ဆံနှစ်ခု ကျရောက်မှုဖြစ်ပွားခဲ့ပြီး ထိုဒေသတွင် အချက်ပေးဉြသသံ ကြားခဲ့ရကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။


အဆိုပါ ပေါက်ကွဲမှုကြောင့် ယင်းဒေသတွင် ထိခိုက်သေဆုံးသူမရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။


အီရတ်အစိုးရ ရုံးအချို့နှင့် အမေရိကန်သံရုံးရှိရာ Green Zone ကို  အီရတ်ပြည်သူ့စစ်များက မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။


အမေရိကန်နိုင်ငံ နှင့် အီရန်နိုင်ငံတို့ အကြားရှိ တင်းမာမှုများကြားတွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို