ဘဂ္ဂဒက် ၂၅ ဇူလိုင်
ယခုသီတင်းပတ်အစောပိုင်းက ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲ ခြင်းခံရသော ဂျာမန်အမျိုးသမီး ဟီလာမီးဝပ်စ်သည် ပြန်လည်လွတ်မြောက်လာပြီး ဂျာမနီနိုင်ငံ သံရုံးက စောင့်ရှောက်မှုပေးထားကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
အီရတ်အထူးတပ်ဖွဲ့ဝင်များနှင့် မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဘဂ္ဂဒက်အရှေ့ပိုင်းတွင် စစ်ဆင်ရေး ဆင်နွှဲပြီး ၎င်းအား ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အီရတ်ပြည်ထဲရေးဝန်ကြီး အိုမန်အယ်လ်ဂါနီမီက မီးဝပ်စ်အား ဘဂ္ဂဒက်ရှိ ဂျာမနီနိုင်ငံသံရုံးသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ မီဝပ်စ်သည် ၂၀၁၃ ခုနှစ်ကတည်းက ဘဂ္ဂဒက်မြို့တွင် ပန်းချီ ပညာရှင်တစ်ဦးအဖြစ် ဆောင်ရွက် ခဲ့ပြီး လုံခြုံရေးတိုးမြှင့်ထားသော အစိမ်းရောင်ဇုန်ပြင်ပတွင် နေထိုင်ခဲ့သူဖြစ်သည်။ မီဝပ်စ်အား ဇူလိုင် ၂ဝ ရက် ညနေပိုင်းတွင် အိမ်အပြန်လမ်းပေါ်၌ ကားနှစ်စီးဖြင့် ရောက်ရှိလာသော အမည်မသိအကြမ်းဖက်သမားများက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမက်က မီးဝပ်စ် လွတ်မြောက်လာကြောင်း အတည်ပြု ပြောကြားခဲ့ပြီး ၎င်းလွတ်မြောက်လာစေရန် ဝိုင်းဝန်းကူညီ ပေးခဲ့သည့် အီရတ်အစိုးရတပ်ဖွဲ့ဝင်များအား ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-စိုးသူရ